ကမ္ဘာ့နံပါတ်(၁)တင်းနစ်မယ်ဟောင်း အိုဆာကာ မိုင်ယာမီအိုးပင်းဆီမီးဖိုင်နယ်အဆင့် တက်လှမ်း
ကမ္ဘာ့နံပါတ်(၁) တင်းနစ်မယ်ဟောင်း
နာအိုမီအိုဆာကာနဲ့ အမေရိကန်တင်းနစ်မယ် ဒန်နီယယ်လီ ကိုလ်လင်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့
မိုင်ယာမီအိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်း ကွာတား ဖိုင်နယ်အဆင့်မှာ
အိုဆာကာက ဒန်နီယယ်လီကိုလ်လင်ကို အနိုင်ရရှိခဲ့တာကြောင့် မိုင်ယာမီအိုးပင်းဆီမီး ဖိုင်နယ်အဆင့်ကို
တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
ဂရန်းဆလမ်းတင်းနစ် ချန်ပီယံဆုဖလားကို
လေးကြိမ်အထိ ရယူဆွတ်ခူးနိုင်ခဲ့တဲ့ ဂျပန်တင်းနစ်မယ် အိုဆာကာဟာ ဒန်နီယယ်လီကိုလ်လင်နဲ့
ပွဲစဉ်မှာ တစ်နာရီကြာ ယှဉ်ပြိုင်ကစားခဲ့ပြီး အိုဆာကာက ၆-၂၊ ၆-၁နဲ့ အနိုင်ရရှိခဲ့တာ
ဖြစ်ပါတယ်။
အိုဆာကာဟာ မိုင်ယာမီအိုးပင်းဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ
ဆွစ်ဇာလန်တင်းနစ်မယ် ဘီလင်ဒါ ဘင်ဆစ်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အိုလံပစ်ချန်ပီယံ
ဘီလင်ဒါဘင်ဆစ်ဟာ ကွာတားဖိုင်နယ် အဆင့်မှာ ဩစတြေးလျတင်းနစ်မယ် ဒါရီယာဆာဗီးလ်ကို ၆-၁၊
၆-၂ နဲ့ အနိုင်ရရှိကာ မိုင်ယာမီအိုးပင်း ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့တာ
ဖြစ်ပါတယ်။
ငွေကြယ်

No comments