နိုင်ဂျီးရီးယားအသင်းနည်းပြ အီဂွါဗိုအန် အသင်းနည်းပြအဖြစ်မှ နုတ်ထွက်
နိုင်ဂျီးရီးယားအသင်းနည်းပြ
အီဂွါဗိုအန်ဟာ နိုင်ဂျီးရီးယားအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့်
နည်းပြအဖြစ်ကနေ နုတ်ထွက်ခဲ့ပြီဖြစ်ပါတယ်။
နိုင်ဂျီးရီးယားအသင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့်
play-off ပွဲစဉ်အဖြစ် ဂါနာအသင်းနဲ့ ယှဉ်ပြိုင်ကစား ခဲ့ရာမှာ နှစ်ကျော့ပေါင်းရလဒ် တစ်ဖက်တစ်ဂိုးစီ
သရေရလဒ်ထွက်ပေါ်ခဲ့ပေမယ့် အဝေးဂိုးစည်းမျဉ်း ကြောင့် ဂါနာအသင်းက ကမ္ဘာ့ဖလားဝင်ခွင့်တစ်နေရာ
ရရှိခဲ့တာ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားအသင်းဟာ အသက်
၅၆ နှစ်အရွယ် အီဂွါဗိုအန်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက အသင်းရဲ့ ယာယီနည်းပြအဖြစ်
ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ အီဂွါဗိုအန်ဟာ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမှာ နိုင်ဂျီးရီးယားအသင်းကို
၁၆ သင်းအဆင့်တက်လှမ်းခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ငွေကြယ်

No comments