အိုလက်ဆန်းဒါးယူဆစ်နဲ့ ဂျိုရှူယာတို့ရဲ့ ဟဲဗီးဝိတ်မကျေပွဲ ဇွန်လအတွင်း ဆော်ဒီအာရေဗျနိုင်ငံ၌ ယှဉ်ပြိုင်ထိုးသတ်မည်
ယူကရိန်း လက်ဝှေ့ကျော် အိုလက်ဆန်းဒါးယူဆစ်နဲ့
ဗြိတိန်ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား ဂျိုရှူယာတို့ ဇွန်လနောက်ပိုင်းမှာ ယှဉ်ပြိုင်ထိုးသတ်မယ့်
ဟဲဗီးဝိတ်မကျေပွဲကို ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပသွားမှာဖြစ်တယ်လို့ ယူကရိန်းနိုင်ငံရဲ့
ပြိုင်ပွဲစီစဉ်သူ အလက်ဇန်းဒါးကရက်ယွတ်ခ်က ပြောကြား ခဲ့ပါတယ်။ ယူဆစ်ဟာ ပြီးခဲ့တဲ့နှစ်
စက်တင်ဘာလအတွင်းက လန်ဒန်မြို့ရဲ့ တော့တင်ဟမ်ဟော့ စပါးကွင်းမှာ ဂျိုရှူယာနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့
ဟဲဗီးဝိတ်တန်းပြိုင်ပွဲမှာ ဂျိုရှူယာကို အနိုင်ရရှိခဲ့ပြီး ဒဗလျူဘီအေ၊ ဒဗလျူဘီအိုနဲ့
အိုင်ဘီအက်ဖ်ချန်ပီယံခါးပတ်တွေကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် အသက် ၃၂ နှစ်အရွယ်ရှိ
ဂျိုရှူယာဟာ အိုလက်ဆန်းဒါးယူဆစ်နဲ့ ထိုးသတ်မယ့် မကျေပွဲကို မေလအတွင်း ထိုးသတ်ဖို့ ပစ်မှတ်ထားခဲ့တာ
ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိ ယူကရိန်း လက်ဝှေ့ကျော် အိုလက်ဆန်းဒါးယူဆစ်အနေနဲ့ သူ့ရဲ့
ချန်ပီယံခါးပတ်တွေကို ကာကွယ်ဖို့ မတ် ၂၃ ရက် မှာ ယူကရိန်းမြေကနေ ထွက်ခွာခဲ့ကာ ပြင်ဆင်မှုတွေပြုလုပ်လျက်ရှိပြီး
ဇွန်လနောက်ပိုင်းမှာ ယှဉ်ပြိုင် ထိုးသတ်ဖို့ စီစဉ်လာတာလည်း ဖြစ်ပါတယ်။
ငွေကြယ်
No comments