တွံတေးမြို့နယ်၌ နွေစပါးစံကွက် ရိတ်သိမ်းရာ တစ်ဧက ၉၆ ဒသမ ၇၂ တင်းနှုန်း ထွက်ရှိ

 





တွံတေး     ဧပြီ    ၁


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် နွေစပါးစံကွက် ရိတ်သိမ်းခြင်းကို တမံကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၄၇) ကံကုန်းကွင်းရှိ တောင်သူ ဦးစိန်လွင်၏ ရက် ၉၀ နွေစပါးကွင်း အဖွင့်စံကွက် ရိတ်သိမ်းခြင်းကို မတ် ၃၁ ရက်က ပြုလုပ်ခဲ့သည်။


အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် ရက် ၉၀ စပါး တစ်ဧကလျှင် အစို ၉၆ ဒသမ ၇၂ တင်း ထွက်ရှိပြီး တွံတေးမြို့နယ်တွင် နွေစပါး ၃၄၃၉၄ ဧက စိုက်ပျိုးထားကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


တွံတေးသား

No comments

Powered by Blogger.