အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၂၈ ဦး ထပ်မံတွေ့ရှိ
နယူးဒေလီ မေ ၃၀
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော
၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၂၈ ဦး ထပ်မံတွေ့ရှိခဲ့သည့်အတွက် ရောဂါကူးစက်ခံ
ရသူပေါင်း ၄၃၁၅၃၀၄၃ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ကိန်းဂဏန်းများအရ
သိရသည်။
ထို့ပြင် လွန်ခဲ့သော ၂၄ နာရီအတွင်း
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၁၄ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း
၅၂၄၅၈၆ ဦးရှိကြောင်း သိရသည်။
လက်ရှိတွင် ပိုးတွေ့ဆဲလူနာ
၁၇၀၈၇ ဦးရှိကြောင်း သိရသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ
၂၀၃၅ ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွားကြရာ
ရောဂါမှ ပြန်လည်သက်သာလာသူပေါင်း ၄၂၆၁၁၃၇၀ ရှိပြီဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ၊
No comments