အင်တောမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
အင်တော မေ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီအကြို
လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မေ ၂၇ ရက် နံနက်ပိုင်းက နန်းကောင်းမှု ကျေးရွာအုပ်စု၊ နန်းကုကျေးရွာ အခြေခံမူလတန်းကျောင်းဝင်း၌ ပြုလုပ်ခဲ့ကြသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိန်လှိုင်တင့်နှင့် တာဝန်ရှိသူများက ပျိုးပင်များကို ဌာနဆိုင်ရာများထံ ပေးအပ်ပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အင်တောနယ်မြေ ရဲစခန်းမှူးနှင့်
တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ ဆရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ ပြည်သူများက ကျွန်းပင်
၅၀၊ မယ်ဇလီပင် ၁၀၀၊ ခါတော်မှီပင် ၁၅၀၊ စိန်ပန်းနီပင် ၁၀၀၊ စိန်ပန်းပြာ ၁၀၀
စုစုပေါင်းပျိုးပင် ၆၀၀ ကို
စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်ခိုင်(ပြန်/ဆက်)
No comments