တမူးမြို့တွင် မိုးနေကြာစိုက်ပျိုးခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်

 





တမူး၊ မေ ၃၀


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မိုးနေကြာစိုက်ပျိုးခြင်း နည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီက တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။


သင်တန်းတွင် တမူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ကြည်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးမျိုးနိုင်က မိုးနေကြာ စိုက်ပျိုးထုတ်လုပ်ရခြင်း၏ ရည်ရွယ်ချက်များကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဦးမှ မိုးနေကြာစိုက်ပျိုးခြင်း နည်းစနစ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာကြသည့် တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်မြေအသုံးချရေးတာဝန်ခံနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က မိုးနေကြာမျိုးစေ့ထုပ်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။


အဆိုပါသင်တန်းသို့ တမူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ တောင်သူ(၃၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် မြေအမျိုးအစားနှင့် မြေပြုပြင်ခြင်းများ၊ စိုက်ပျိုးချိန်နှင့် စိုက်နည်းစနစ်များ၊ မျိုးရွေးချယ်​ခြင်း၊ သွင်းအားစု ထည့်သွင်းအသုံးပြုခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းနှင့် စနစ်တကျ ရိတ်သိမ်းခြွေလှေ့ခြင်း နည်းစနစ်များကို (၁)ရက်ကြာ သင်ကြားပို့ချပေးသွားမည်​ဖြစ်ကြောင်း သိရသည်။


ရတနာ

No comments

Powered by Blogger.