ပေါက်ခေါင်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများနှင့် ထိခိုက်သူများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

 





 ပေါက်ခေါင်း    မေ   ၃၀


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပေါက်ခေါင်းမြို့နယ်အတွင်း လေပြင်းများတိုက်ခတ်၍ အမိုးလန်နေအိမ်နှင့် ပြိုလဲနေအိမ် အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ၊ ဆန်ရိက္ခာဖိုး၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် သစ်ကိုင်းကျိုးကျ၍ ထိခိုက်ဒဏ်ရာရရှိသော အမျိုးသားတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို  ယနေ့နံနက်  ၉  နာရီခွဲခန့်က ပေါက်ခေါင်းမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။


ထောက်ပံ့ငွေပေးအပ်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထက်နိုင် တို့က မေလ ၁ ရက်၊ ၂၁ ရက်နှင့် ၂၅ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၆)အုပ်စုမှ အမိုးလန်အိမ်ခြေ (၄၄)လုံး၊ပြိုလဲနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံငွေ စုစုပေါင်း ငွေကျပ် ၂၆၇၆၅၀၀ နှင့် ပြိုလဲအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး ပါ (၂) ပုံး  နှင့်ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀)ကျပ်ကို လေဘေးသင့် အိမ်ထောင်စုမိသားစုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင်  ( ပြန်/ဆက်)

No comments

Powered by Blogger.