ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသားမျာနေပြည်တော် MRTV တွင် လေ့လာ



နေပြည်တော်  မေ  ၂၈


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ (၂၈)ဦး တို့သည့် ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရုပ်သံ ထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင် လေ့လာကြသည်။


အဆိုပါ လေ့လာရေးအဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသ ထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက် ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့် တက်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြား အသုံးအဆောင်ပစ္စည်းများ စသည့် စုစုပေါင်း ပြခန်း ၄၀ တွင်  ခင်းကျင်းပြသထားမှုများအပြင် ပင်မအဆောက် အဦအတွင်း ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများအား လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြသည်။


အဆိုပါ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား/သူများသည် ၎င်းတို့ဌာနတွင် ဖွင့်လှစ်သည့်    E – Library Management System Software အသုံးပြုနည်းသင်တန်း (၁/၂၀၂၂)သို့ တက်ရောက် ခဲ့ကြပြီးနောက်  သက်ဆိုင်ရာဒေသ အသီးသီး သို့ ပြန်လည်မထွက်ခွါမီ MRTV သို့ လာရောက်ပြီး ရုပ်သံ ထုတ်လွှင့်မှုများကို လေ့လာကြခြင်းဖြစ်သည်။

(သတင်းစဉ်)


No comments

Powered by Blogger.