လူကာကူနဲ့ ဒိုင်ဘာလာကို ခေါ်ယူဖို့ အင်တာမီလန်အသင်း ဆွေးနွေးမှုပြုလုပ်
အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းဟာ
ချယ်လ်ဆီးအသင်း တိုက်စစ်မှူး လူကာကူနဲ့ ဂျူဗင်တပ် အသင်းတိုက်စစ်မှူး ဒိုင်ဘာလာတို့ကို
စာချုပ်ချုပ်ဆိုခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ် လျက်ရှိတယ်လို့ အင်တာမီလန်အသင်း
အမှုဆောင်ချုပ် မာရော့တာက ပြောကြားခဲ့ပါတယ်။
ဘီဘီစီအားကစားသတင်းတစ်ရပ်ရဲ့
ဖော်ပြချက်မှာတော့ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းက
ပြောင်းရွှေ့ကြေးပေါင် ၉၇ ဒသမ ၅ သန်းနဲ့ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ ကစားခဲ့ပြီးနောက်
ယခုဘောလုံးရာသီအတွင်းမှာ အင်တာမီလန်အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့
ကစားလိမ့်မယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
တိုက်စစ်မှူး လူကာကူနဲ့ ဒိုင်ဘာလာတို့ဟာ
အင်တာမီလန် အသင်းကခေါ်ယူဖို့ အဓိကပစ်မှတ်ထား နေတဲ့ ကစားသမားနှစ်ဦး ဖြစ်တယ်လို့လည်း
အင်တာမီလန်အသင်း အမှုဆောင်ချုပ် မာရော့တာက ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အင်တာမီလန်အသင်းဟာရိုးမားအသင်းမှကွင်းလယ်
ကစားသမားခီတာယန်နဲ့ အေဂျက်အသင်းမှ ကင်မရွန်းဂိုးသမား အန်ဒရီအိုနားနားတို့ကိုလည်း စာချုပ်ချုပ်ဆိုခေါ်ယူသွားဖို့
စီစဉ်ထားတယ်လို့ သိရပါတယ်။
ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ
ပြီးခဲ့တဲ့ ဘောလုံးရာသီက ချယ်လ်ဆီးအသင်းနဲ့အတူ ပြိုင်ပွဲ အရပ်ရပ်မှာ သွင်းဂိုး ၁၅ ဂိုးအထိ
သွင်းယူနိုင်ခဲ့ပြီး ပရီမီယာလိဂ်ပြိုင်ပွဲမှာတော့ ပွဲစဉ် စုစုပေါင်း ၂၆ ပွဲမှာ သွင်းဂိုးရှစ်ဂိုးအထိ
သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက
အီတလီစီးရီးအေဖလားရရှိနိုင်မယ့် အခွင့်အရေး ရရှိခဲ့ပေမယ့် ပွဲစဉ်တချို့မှာ ရလဒ်မကောင်းခဲ့တာကြောင့်
မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းရဲ့ နောက်မှာ နှစ်မှတ်အကွာနဲ့ အမှတ်ပေးဇယား ဒုတိယနေရာနဲ့သာ
ကျေနပ်ခဲ့ရတဲ့အသင်းလည်း ဖြစ်ပါ တယ်။
ငွေကြယ်
No comments