ဘဏ်များသို့ AML/CFT ဆိုင်ရာ Onsite ကြီးကြပ်စစ်ဆေးရာမှ တွေ့ရှိရသည့် အားနည်းချက်များ၊ Feedback Meeting နှင့် လူအများအပြားသေကျေစေသော လက်နက်များပြန့်ပွားရေးကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး (WMD) ဆိုင်ရာ အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ
နေပြည်တော် ဇူလိုင် ၃၀
ဘဏ်များသို့ AML/CFT ဆိုင်ရာ Onsite ကြီးကြပ်စစ်ဆေးရာမ ှတွေ့ရှိရသည့် အားနည်းချက်များ၊ Feedback Meeting နှင့် လူအများအပြားသေကျေစေသော လက်နက်များပြန့်ပွားရေးကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး (WMD) ဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့၊ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ)၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်များ၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် AML/CFT ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၃) အကောင်အထည်ဖော်မှု ကြီးကြပ်ရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မဟာဗျူဟာနယ်ပယ်(၃) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က အဖွင့်အမှာ စကား ပြောကြားသည်။
ယင်းနောက် ဘဏ်များ၏ AML/CFT ဆိုင်ရာ လိုက်နာဆောင်ရွက်မှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Onsite နှင့် Offsite စစ်ဆေးရာတွင် တွေ့ရှိရသည့် အားနည်းချက် များနှင့် ပြင်ဆင်ရန်အချက်များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူများကလည်းကောင်း၊ အရည်အသွေးပြည့်ဝသော သတင်း ပေးပို့ချက်များရရှိရေးအတွက် ဘဏ်များ၏ သတိပြုဆောင်ရွက်ရမည့် အချက်များအား ငွေကြေး ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က လည်းကောင်း၊ လူအများအပြား သေကျေစေသော လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ဘဏ်များ လိုက်နာဆောင်ရွက်ရန်အချက်များကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက လည်းကောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments