ကျောက်ဆည်မြို့နယ်၌ နနွင်း ၉၆၉ ဧက လျာထားစိုက်ပျိုး

 





ကျောက်ဆည်        ဇူလိုင်       ၂၀


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် အခြားသီးနှံမျိုးစုံ စိုက်ပျိုးလျက် ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် နနွင်း ၉၆၉ ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌနမှ သိရှိရသည်။


ကျောက်ဆည်မြို့နယ်အနေဖြင့် နနွင်းသီးနှံများကို ပွတ္တိုင်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း ကျေးရွာတို့တွင် ကိုးဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ကုလားကျောင်း ကျေးရွာတို့တွင် ဧက ၂၁၀၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း၊ ဆူးလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင် ကျေးရွာတို့တွင် ဧက ၇၅၀  လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


သက်မောင်(ကျောက်ဆည်)


No comments

Powered by Blogger.