တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂) အစည်းအဝေး ကျင်းပ

 




ထားဝယ် ဇူလိုင် ၂၉


တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂) အစည်းအဝေးကို ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများပြားလာပါက ဒေသဖွံ့ဖြိုးတိုးတက်မှုများ မြန်ဆန်လာနိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်သည့်အခါတွင် ဘက်စုံ၊ ထောင့်စုံပြည်စုံမှ လုပ်ငန်းအောင်မြင်နိုင်မှာဖြစ်ပြီး လုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက ပြဿနာတစ်စုံတစ်ရာ မရှိနိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ကွင်းအမှတ်-၁၅၃ နှင့် ၁၅၄/၁၊ ကွင်းအမှတ်-၂၁၄၊ (ဃ)ရပ်ကွက်၊ လောင်းလုံးမြို့နယ်၊ ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရေထွက်ပစ္စည်းများအား ပြုပြင်ခြင်း၊ အေးခဲခြင်းနှင့် ထုပ်ပိုးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Good Luck Forever Manufacturing Co, Ltd. က တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ မြေကွက်အမှတ်-(၅၊၆)၊ ကွင်းအမည် (၁၇၃-က၊ ကဘင်းကွင်း)၊ ကျောက်ဖျာကျေးရွာအုပ်စု၊ မြိတ်မြို့နယ်၊ မြိတ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် အသားငါးစည်သွပ်ဘူး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Makro Manufacturing Co., Ltd. က မူလရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် မြေနေရာ တိုးမြှင့်လျှောက်ထားခဲ့ခြင်းအပေါ် လက်ရှိလုပ်ငန်း ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။


ဆက်လက်၍ ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)


No comments

Powered by Blogger.