“ဆေးတက္ကသိုလ်(၂)ရန်ကုန်တွင် ဇူလိုင်(၁၈)ရက်မှ စတင်တာဝန်ထမ်းဆောင်မည့် အလုပ်သင်ဆရာဝန်များ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ



နေပြည်တော် ဇူလိုင် ၁၄


ဆေးတက္ကသိုလ်(၂)ရန်ကုန်၏ သင်ကြားရေးဆေးရုံများတွင် ဇူလိုင် ၁၈ ရက်မှ စတင်၍ (၁)နှစ်ကြာတာဝန်ဝန်ထမ်းဆောင်မည့် အလုပ်သင်ဆရာဝန် များ အတွက် ဇူလိုင် ၁၃ ရက်မှ ၁၅ ရက်အထိ ပို့ချမည့် စာတွေ့လက်တွေ့ သင်တန်းဖွင့် လှစ်ပွဲကို ဇူလိုင် ၁၃ ရက်တွင် ရွှေရတုဆောင်၊ အဓိပတိခန်းမ၌ ကျင်းပခဲ့ရာ၊ ပါမောက္ခ ချုပ်ကအဖွင့်အမှာစကားပြောကြားသည်။


အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်နှင့်တကွ သင်ကြားရေးဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ ကလေးကျန်း မာပညာ၊ အရိုးရောဂါပညာ၊ မေ့ဆေးပညာ၊ အရေးပေါ်ဆေးကုသမှုပညာ၊ ကာကွယ် ရေးနှင့် လူမှုရေးဆေးပညာ၊ ဥပဒေရေးရာဆေးပညာ၊ ဆေးဝါးဗေဒဌာနတို့မှ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများနှင့် သင်တန်းသားအလုပ်သင်ဆရာဝန်များ တက်ရောက် ခဲ့ကြသည်။ လက်တွေ့သင်တန်း၌ ဆေးတက္ကသိုလ်(၂)ရန်ကုန်၏ Skill Training Lab ရှိ Skill Training Manikins ပုံတူရုပ်များဖြင့် သင်ကြားလေ့ကျင့်ပေး လျက်ရှိကြောင်း သိရသည်။


(သတင်းစဉ်)


No comments

Powered by Blogger.