ဘာစီလိုနာအသင်းက တိုက်စစ်မှူး လီဝန်ဒိုစကီးကို ခေါ်ယူရန် သဘောတူညီမှုရရှိ
စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ
ပိုလန်တိုက်စစ်မှူး လီဝန်ဒိုစကီးကို စာချုပ်ချုပ်ဆို ခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်းနဲ့
စည်းမျဉ်းအရ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ တိုက်စစ်မှူး
လီဝန်ဒိုစကီးရဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်ကျန်ရှိနေသေးပေမယ့်
ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ ပြီးခဲ့တဲ့လအတွင်းက ကစားသမားကိုယ်တိုင်
ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
လီဝန်ဒိုစကီးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက
ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲစဉ်စုစုပေါင်း ၄၆ ပွဲမှာ သွင်းဂိုး ၅၀ အထိ သွင်းယူပေးနိုင်ခဲ့ကာ
ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒက်လီဂါဖလားကို (၁၀)ကြိမ်ဆက် ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့
စည်းမျဉ်းအရ သဘောတူညီမှုရရှိထားပြီဖြစ်တာ ကြောင့် စာချုပ်ချုပ်ဆိုရေးကိစ္စနဲ့ ကျန်းမာရေးဆိုင်ရာဆေးစစ်မှုကိစ္စတွေအတွက်တော့
ကစားသမား အပေါ်မှာပဲ မူတည်တော့တယ်လို့ ဆိုပါတယ်။
လီဝန်ဒိုစကီးဟာ ၂၀၁၄ ခုနှစ်အတွင်းက
ဒေါ့မွန်အသင်းဆီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး
အဲဒီအချိန်မှစတင်ကာ လက်ရှိအချိန်အထိ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲစဉ်စုစုပေါင်း ၃၇၄
ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် တိုက်စစ်မှူး
ဂတ်မူလာပြီးရင် ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဒုတိယ ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့
ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်
No comments