မင်းလှမြို့နယ်၌ မိုးစပါး ၇၆၁၄၁ ဧက စိုက်ပျိုးပြီးစီး

 





မင်းလှ        ဇူလိုင်        ၂၈


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မိုးစပါး ၇၆၁၄၁ ဧက စိုက်ပျိုးရန် လျာထားပြီး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။


ဒေသခံတောင်သူများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးကူညီပေးခဲ့ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးကူညီပေးခဲ့ကြောင်း၊ စိုက်ပျိုးခဲ့သည့် စပါးမျိုးများမှာ ရတနာတိုးစပါး ၄၅၄၅ ဧက၊ ဆင်းသုခစပါး ၅၈၁၁၈ ဧက၊ ချမ်းမြေ့မေစပါး ဧက ၁၅၈၀၊ GW-11 စပါး ၄၈၁၆ ဧက၊ ကရင်မစပါး ၆၄၄၉ ဧက၊ မှော်ဘီ- ၃စပါး ၆၃၃ ဧကတို့ ဖြစ်သည်။


ပေါက်စ(မင်းလှ)

No comments

Powered by Blogger.