အာရှ၏ပထမဆုံးသော ကုန်တင်ကုန်ချလေဆိပ်ကို တရုတ်နိုင်ငံအလယ်ပိုင်းတွင် စတင်ဖွင့်လှစ်
ဝူဟန် ဇူလိုင် ၁၈
တရုတ်နိုင်ငံ၏ ပထမဆုံးသော
ကုန်တင်ကုန်ချလေဆိပ် တရားဝင် စတင်လည်ပတ်ခြင်း အထိမ်းအမှတ်အဖြစ် ဟူပေး ပြည်နယ် အီကျိုးဟားဟူလေဆိပ်၌
ဘိုးရင်း ၇၃၇ - ၃၀၀ ကုန်တင်လေယာဉ် တစ်စင်းသည် ဇူလိုင် ၁၇ ရက်နံနက် ၁၁ နာရီ ၃၀ မိနစ်
တွင် စတင်ပျံသန်းခဲ့သည်။
တရုတ်နိုင်ငံ အီကျိုးမြို့တွင်
တည်ရှိသည့် အဆိုပါ လေဆိပ်သည် အာရှတိုက်၏ ပထမဆုံးသော ပရော်ဖက်ရှင်နယ် ကုန်တင် ကုန်ချ
လေဆိပ်လည်းဖြစ်ပြီး ကမ္ဘာပေါ်တွင် စတုတ္ထမြောက် ဖွင့်လှစ်သည့် ကုန်တင်ကုန်ချ လေဆိပ်အမျိုးအစား
ဖြစ်သည်။ အဆိုပါ လေဆိပ်သစ်သည် စတုရန်းမီတာ ၂၃၀၀၀ ကျယ်ဝန်းပြီး ကုန်စည် ပို့ဆောင်ရေးစခန်း
အကျယ်အဝန်း စတုရန်းမီတာ ၇၀၀၀၀၀ ခန့်၊ ကားရပ်နားရန် နေရာ ၁၂၄ ခုနှင့် ပြေးလမ်း နှစ်ခုတို့
ပါဝင်ကာ လေကြောင်း ကုန်စည်ပို့ဆောင်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည့်အပြင်
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပေးနိုင်မည် ဖြစ်သည်။
အီကျိုးတွားဟူ လေဆိပ် လည်ပတ်မှုသည်
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များနှင့် ကိုက်ညီကြောင်း လေဆိပ် စီမံကိန်းနှင့်
ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အကြီးတန်းညွှန်ကြားရေးမှူးဖြစ်သူ စုလျှိုးရန် က ဆိုသည်။
တရုတ်နိုင်ငံ၏ ကုမ္ပဏီများမှ
ပို့ဆောင်သည့် ကုန်စည်အရေအတွက်သည် ယမန်နှစ်က ၁၀၈ ဘီလီယံကျော်အထိ စံချိန်တင် မြင့်မားခဲ့ပြီး
၂၀၂၂ ခုနှစ်တွင် တည်ငြိမ်သော တိုးတက်မှုကို ဆက်လက် ထိန်းသိမ်းထားရန် မျှော်လင့်ထားကြောင်း
ပြည်နယ် ပို့ဆောင်ရေးဌာနမှ သိရသည်။
ဆင်ဟွာ
No comments