မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၉၈ ဦး ထပ်မံတွေ့ရှိ




ဇူလိုင် ၁၅


မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၉၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၆၀၈၇၆၈ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။


အဆိုပါရောဂါကူးစက်ခံရသူများအနက် ငါးဦးသည်ပြည်ပကူးစက်မှုဖြစ်ပြီး ပြည်တွင်းကူးစက်မှု ၄၀၉၃ ဦး ဖြစ်ကြောင်း  ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။


ထိုရောဂါကူးစက်ခံရမှုကြောင့် ရှစ်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၈၃၆ ဦး ရှိလာသည်။


ကိုဗစ်ရောဂါကူးစက်ခံရပြီး ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၅၃၄၀၁၉ ဦး ရှိသည်ဟု သိရသည်။


နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၃၈၉၁၃ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၅၃ ဦးရှိသည်။


နိုင်ငံအတွင်း ကိုဗစ်ရောဂါကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၈၅ ဒသမ ၉ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၈၃ ဒသမ ၈ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအပိုဆောင်းပထမအကြိမ်ထိုးနှံပြီးသူ ၄၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ကာကွယ်ဆေးအပိုဆောင်းဒုတိယအကြိမ်ထိုးနှံပြီးသူ ၀ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.