ပါကစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၇၉ ဦး ထပ်မံတွေ့ရှိ

 



ဇူလိုင် ၁၅


ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၇၉ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။


အဆိုပါရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၃၀၄၂၈ ဦးအထိ ရှိလာသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။


နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၄၄၉၁၀ အထိ မြင့်တက်လာသည်ဟု ထိုဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။


ပါကစ္စတန်နိုင်ငံတွင် ကိုဗစ်ရောဂါ   ဖြစ်ပွားဆဲလူနာ ၁၈၂ ဦး ရှိပြီး ၎င်းတို့၏ အခြေအနေစိုးရိမ်ရကြောင်း ဖော်ပြထားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.