လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ငါးပွဲဆက်အနိုင်ရ
ရန်ကုန် ဇူလိုင် ၂၈
၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ
ပွဲစဉ် (၅) စတုတ္ထနေ့အဖြစ် မြဝတီအသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတို့
ဇူလိုင် ၂၇ ရက်က ယှဉ်ပြိုင်ကစားရာ လက်ရှိချန်ပီယံ ရှမ်းယူ နိုက်တက်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့်
အနိုင်ရခဲ့သည်။
လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းသည်
ပထမပိုင်းတွင် သွင်းယူသည့်ဂိုးဖြင့် ငါးပွဲဆက်အနိုင်ရရှိပြီး အမှတ်ပေး ဇယားထိပ်ဆုံးနေရာတွင်
ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် တစ်သင်းတည်းသော ပွဲတိုင်းအနိုင်ရထားသည့်
အသင်းလည်းဖြစ်သည်။ မြဝတီအသင်း သည် နိုင်ပွဲဆက်ရန် ကြိုးပမ်းခဲ့သော်လည်း ဒုတိယမြောက်ရှုံးပွဲနှင့်
ရင်ဆိုင်ခဲ့ရသည်။
နိုင်ပွဲဆက်နေသည့် ရှမ်းယူနိုက်တက်အသင်းသည်
အမာခံကစားသမားများဖြစ်သည့် နိုင်ငံခြားသား ကစားသမားနှစ်ဦး အပါအဝင် ဟိန်းသီဟဇော်၊ နန္ဒကျော်၊
ကျော်ဇင်ဖြိုး (ဂိုး)၊ ရဲမင်းသူ၊ ကျော်ဇင်လွင်တို့ကိုအသုံးပြုခဲ့သလို မြဝတီအသင်းမှာလည်း
ထွန်းနန္ဒဦး (ဂိုး)၊ ဝေယံဦး၊ သက်ဝေမိုး၊ ကောင်းစည်သူ၊ သက်ပိုင်ကို၊ အောင်သူတို့ဖြင့်
ပွဲထွက်ခဲ့သည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းသည် ငါးပွဲဆက် အနိုင်ရရှိရေးအတွက်
ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး မြဝတီ အသင်းမှာလည်း အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့သည်။
မြဝတီအသင်းသည် ရှမ်းယူနိုက်တက် အသင်းကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်သော်လည်း ရရှိသည့်အခွင့်အရေးများ
အသုံးမချနိုင်သဖြင့် နိုင်ပွဲပျောက်ဆုံးခဲ့ရခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းမှာမူ
အသင်းကြီးပီသစွာ ပွဲကိုထိန်းချုပ် ကစားခဲ့ပြီး ရရှိသည့်အခွင့်အရေးကို အသုံးချကာ အမှတ်ပြည့်ရယူခဲ့ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက် အသင်း သုံးပွဲနိုင်၊ နှစ်ပွဲရှုံး ရမှတ်ကိုးမှတ် ရရှိထားသည်။
ပွဲစဉ်(၅) နောက်ဆုံးနေ့ကို
ဇူလိုင် ၂၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရခိုင်ယူနိုက် တက်အသင်းနှင့် ရတနာပုံအသင်းတို့
ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရဲရင့်လွင်၊ ဓာတ်ပုံ-
MNL
No comments