မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ်(မကွေး) ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

 





မကွေး ဇူလိုင် ၂၉


တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ ဉာဏ်ရည်မြင့်မားသော အားကစားသမားများ ပေါ်ထွန်းရေးနှင့် အာဆီယံတက္ကသိုလ်များ ပြိုင်ပွဲများမှသည် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ တက္ကသိုလ်များ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်အသီးသီးတွင် အားကစားပြိုင်ပွဲများအား ကျင်းပပေးလျက်ရှိပြီး နည်းပညာတက္ကသိုလ်(မကွေး) ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၇ ရက် မွန်းလွဲ ၃ နာရီက နည်းပညာတက္ကသိုလ်(မကွေး) အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဆန်းနှင့် ဘာသာရပ်အသီးသီးမှ ပါမောက္ခ ဌာနမှူးများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ တက်ရောက်ပညာ သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပညာတော်၍ ကျောင်းနေပျော်စေရန်၊ ကာယ၊ ဗလ၊ ခွန်အားတို့ဖြင့် ပြည့်ဝသည့် ပညာရှင်များ ဖြစ်လာစေရန်နှင့် အများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ စည်းလုံးညီညွတ်မှု အားကောင်းစေရန်၊ Term Work, communication စသည့် skill များ ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ယခုလို အားကစားပွဲများ ကျင်းပခြင်းဖြစ်ကြောင်း၊ နည်းပညာ တက္ကသိုလ်(မကွေး)၏ ၂၀၂၂ ခုနှစ် ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲတွင် အားကစားနည်း (၅)မျိုးဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စာပွဲတင်တင်းနစ်၊ ကြက်တောင် စသည့် အားကစားနည်းများအပြင် လွန်ဆွဲပွဲကိုပါ ထည့်သွင်းယှဉ်ပြိုင်စေခဲ့တာ သိရကြောင်း၊ တက္ကသိုလ်ကျောင်းသားဘဝ ပါမောက္ခမှာရရှိနိုင်သည့်  University Life ကို ပြည့်ဝစွာရရှိဖို့ ကျောင်းချိန်ပြင်ပတွင် မိမိစိတ်ပါဝင်စားသည့် အားကစား၊ အနုပညာ၊ ဂီတ၊ စာပေတို့ကို ပိုမိုလေ့လာကြပါလို့ တိုက်တွန်းလိုကြောင်း၊ ဒီလိုဆောင်ရွက်ခြင်းဖြင့် စည်းလုံးညီညွတ်ခြင်း၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ စီမံခန့်ခွဲတတ်ခြင်းများကို တစ်ပါတည်း ရရှိသွားမှာဖြစ်ပါကြောင်း၊ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ အခွင့်အလမ်းများကို အဆုံးရှုံးမခံဘဲ ပညာတွေ ဆက်လက်သင်ယူရင်း ပျော်စရာကောင်းသည့် တက္ကသိုလ်ကျောင်းသားဘဝကို ကောင်းစွာရရှိကြပါစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။


ဆက်လက်၍ နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဆန်းက မေဂျာပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပခြင်းဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ပြီး အမျိုးသား ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် Civil အသင်းနှင့် EP အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ကြည့်ရှုအားပေးခဲ့ကြသည်။


ဆက်လက်၍ နည်းပညာတက္ကသိုလ်(မကွေး) ၂၀၂၂ ခုနှစ်၊ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပရာ အမျိုးသားဘောလုံးပြိုင်ပွဲ ပထမဆုရရှိခဲ့သော EP(B) အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဆုတံဆိပ်လည်ဆွဲများနှင့် ဒိုင်းဆုတို့အား ချီးမြှင့်ပေးအပ်ခဲ့ပြီး အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ ဆုအသီးသီးရရှိခဲ့သည့် အားကစားသမားများအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က တစ်ဦးချင်း ဆုတံဆိပ်ဆွဲပြားများနှင့် ဒိုင်းဆုတို့အား ချီးမြှင့်ပေးအပ်ခဲ့ကာ နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယ ပါမောက္ခချုပ်က အားကစားပြိုင်ပွဲများအတွက် အလှူငွေပေးအပ်သော ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် နည်းပညာတက္ကသိုလ်(မကွေး) (၂၄၀)ဆံ့ ကျောင်းသား/ကျောင်းသူ အိပ်ဆောင် (၂၁၁ ပေ × ၁၄၃ ပေ - ၆ လက်မ) RC သုံးထပ် တည်ဆောက်ခြင်းလုပ်ငန်းသို့ ရောက်ရှိပြီး အဆိုပါလုပ်ငန်းအား ပန္နက်တင်မင်္ဂလာ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မောင်ညီညာ

No comments

Powered by Blogger.