တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်
(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ
(၂၈)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
=================
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိ
မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်မှာ လွန်ခဲ့သော(၂၄)နာရီ အတွင်းက တနင်္သာရီတိုင်းဒေသကြီးနှင့်
ကချင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် နေရာစိပ်စိပ်၊
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင်
နေရာကျဲကျဲနှင့် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့်
ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်
တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပါသည်။
မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ
ပူတာအိုမြို့တွင် (၀.၉၉)လက်မ၊ မိုးမိတ်(မြစ်ဆုံ)တွင် (၀.၈၇)လက်မ၊ မချမ်းဘောမြို့နှင့်
ပင်လောင်းမြို့တို့တွင် (၀.၇၈)လက်မစီ၊ မြစ်ကြီးနားမြို့တွင် (၀.၅၅)လက်မ၊ မိုးညှင်းမြို့နှင့်
တောင်ကြီးမြို့တို့တွင် (၀.၃၆)လက်မစီ၊ ထားဝယ်မြို့တွင် (၀.၂၈)လက်မ၊ ဟိုင်းကြီးကျွန်း
မြို့တွင် (၀.၂၄)လက်မနှင့် ဟုမ္မလင်းမြို့တွင်
(၀.၂၀)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားပျော့နေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ
တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းနှင့်
ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊
ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့်
ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ
လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ
မုတ်သုံလေအားနည်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်
မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀)
ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်
မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀)
ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်
မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)
ဖြစ်ပါသည်။
မိုး/ဇလ

No comments