အပူလှိုင်းများကြောင့် ဥရောပအနှံ့ တောမီးများလောင်ကျွမ်းသဖြင့် ထိခိုက်ပျက်စီးမှုများပြား




ဇူလိုင် ၁၈


ဥရောပအနှံ့တွင် အပူလှိုင်းများကျရောက်မှုကြောင့် တောမီးများလောင်ကျွမ်းကာ ထိခိုက်ပျက်စီးမှုများပြားလျက်ရှိသည်။


အဆိုပါတောမီးသည် ယခုနှစ်တွင် ဥရောပအဖွဲ့ဝင်နိုင်ငံများ၌ စတုရန်းကီလိုမီတာ ၄၅၀၀ ကျော် လောင်ကျွမ်းခဲ့သည်ဟု တောမီးလောင်ကျွမ်းမှုစောင့်ကြည့်ရေးဆိုင်ရာ ဉရောပသမဂ္ဂအာဏာပိုင်များက ဆိုသည်။ ထိုလောင်ကျွမ်းမှုသည် တိုကျိုမြို့ဧရိယာနှစ်ဆကျော်နှင့်ညီမျှသည်ဟု သိရသည်။


စပိန်နိုင်ငံတွင် ယမန်နေ့က နေ့အပူချိန် မြင့်မားလျက်ရှိရာ ၄၀ ဒီဂရီစင်တီဂရိတ်အထက်မြင့်တက်ခဲ့သည်။ စပိန်အစိုးရက လတ်တလောဖြစ်ပွားလျက်ရှိသည့်အပူလှိုင်းကြောင့် လူ ၃၆၀ သေဆုံးခဲ့သည်ဟု ဆိုသည်။


ပေါ်တူဂီအစိုးရက  ထိုစံချိန်တင်အပူလှိုင်းကြောင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း လူ ၆၅၉ ဦးသေဆုံးခဲ့သည်ဟု ဇူလိုင် ၁၆ ရက်က ပြောကြားခဲ့သည်။


ဗြိတိန်နိုင်ငံရှိ မိုးလေဝသပညာရှင်များက ဇူလိုင် ၁၈ ရက်တွင် ၄၀ ဒီဂရီအထိရောက်ရှိနိုင်သည်ဟု သတိပေးစကား ပြောကြားလျက်ရှိသည်။


ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို



No comments

Powered by Blogger.