ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



မောင်တော         ဇူလိုင်  ၃၁

 

ရခိုင်ပြည်နယ် ၊မောင်တောခရိုင်၊ မောင်တောမြို့၌ မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး နှင့် ခြင်ကိုက်ခံ ရခြင်း ကြောင့်ဖြစ်ပွားတတ်သည့် အခြား ရောဂါ များ မဖြစ် ပေါ်စေရန်အတွက် ကြို တင် ကာကွယ် ရေးအနေဖြင့် မြို့နယ် ကျန်းမာရေးဌာနမှဝန်ထမ်းများ NGO အဖွဲ့ များ မှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ယနေ့ နံနက် ၈ နာရီက  မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ နေအိမ်များသို့ သွား ရောက်ကာ အဘိတ်ဆေး များခပ် ပေးခြင်း၊ ကျန်းမာရေး အသိပညာ ပေး ခြင်းများကို ကွင်းဆင်း ဆောင် ရွက်ပေး ခဲ့ ကြောင်း သိရသည်။


ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးလုပ်သားများ အရန် သားဖွား ဆရာမများ၊ ကျန်းမာရေးလုပ်သားများ ၊ INGOs ဝန်ထမ်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ  နေအိမ်များသို့ သွားရောက်ကာ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ် ပေးခြင်း၊ မလှဲမသွန်နိုင်သော နေရာများကို အဘိတ်ဆေးများ ခပ်ပေးခြင်း၊ ခြင်ခိုအောင်း ပေါက်ပွား နိုင်သော ရေ လှောင် ကန်များ၊ ရေစည် များ၊ ရေတွင်း၊ ရေကန်များ ထဲသို့ ပိုးလောက် လန်းသေ အဘိတ်ဆေးများ ခပ်ပေး ခြင်း၊ အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်း တို့ကို ဆောင်ရွက် ပေးခဲ့ ကြပြီး အဆိုပါ သွေးလွန်တုပ် ကွေးရောဂါကြိုတင် ကာကွယ်ရေးနှိမ်နင်းရေး လုပ်ငန်း များ အား ဆက်လက် ကွင်း ဆင်း ဆောင် ရွက်သွား မည်ဖြစ် ကြောင်း သိရသည်။ 


သက်လွင်စိုး(ခရိုင်ပြန်/ဆက်) 


No comments

Powered by Blogger.