တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၉၁၉၆ ဦး ထပ်မံတွေ့ရှိ

 



ဇူလိုင် ၁၄


တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၉၁၉၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၁၈၆၄၁၂၇၈ ဦး အထိ မြင့်တက်လာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။


ပြီးခဲ့သည့်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၂၆၆ ဦးရှိရာမှ အနည်းငယ်လျော့ကျလာသော်လည်း သီတင်းပတ်အစောပိုင်းက ရောဂါကူးစက်ခံရသူ ၁၈၅၀၄ ဦးထက် နှစ်ဆမြင့်မားခဲ့သည်ဟု ကိုရီးယားရောဂါကူးစက်မှုထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။


လွန်ခဲ့သောသီတင်းပတ်က ကိုဗစ်ရောဂါနေ့စဉ်ပျမ်းမျှကူးစက်ခံရသူဦးရေ ၂၇၀၇၁ ဦး ရှိသည်။


အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၃၃၈ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ပြည်ပကူးစက်မှုပေါင်း ၃၈၃၄၁ ဦး ရှိလာသည်။


နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရမှုကြောင့်  ၁၆ ဦး သေဆုံးကြောင်းအတည်ပြုထားပြီး သေဆုံးသူပေါင်း ၂၄၆၉၆ ဦး ရှိသည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.