တောင်သာမြို့တွင် မိုးစပါးစိုက်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာအား ဖြန့်ဖြူးရောင်းချ

 





တောင်သာ       ဇူလိုင်   ၂၈          


တောင်သာမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ   ယူရီးယားဓာတ်မြေဇာအား   မိုးစပါးစိုက်ကျေးရွာ (၅)ရွာမှ တောင်သူများအား ဇူလိုင်(၂၈)ရက်က ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။


အဆိုပါ ယူရီးယားဓာတ်မြေဇာသည်   ယခင် နွေစပါး   မူလလျာထား ဧက (၁၂၀၀) အတွက် (၂)ဧက (၁)အိတ်နှုန်းဖြင့်  ရောင်းချရန် အိတ်(၆၀၀)ခွဲတမ်းရရှိခဲ့ကြောင်း၊  ယင်းနှစ်က  နွေစပါးစိုက်ဧက (၇၂၀)သာ စိုက်ပျိုးနိုင်ခဲ့သဖြင့်     ယူရီးယား   ဓာတ်မြေဇာ (၃၆၀)   အိတ်သာ    ဖြန့်ဖြူး   ရောင်းချပေးခဲ့ရသဖြင့် ကျန်ရှိ သည့် ခွဲတမ်း(၂၄၀)အိတ်အား မိုးစပါးတွင်   စိုက်ပျိုးမည့် တောင်သူများအား ဆက်လက်ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်ခင်ဖြူမာ ပြောကြားချက်အရ သိရသည်။    


ယင်း ယူရီးယားဓာတ်မြေဇာ ဖြန့်ဖြူးရောင်းချရာတွင် တမိုက်သာ ကျေးရွာ၊ ခါးတက်ကုန်း ကျေးရွာ၊ ပုဒက်စာကုန်း ကျေးရွာ၊ လယ်ကွက်ကြီး ကျေးရွာနှင့်ဆီမီးကန်ကျေးရွာများမှ တောင်သူများ လာရောက် ထုတ်ယူလျက်ရှိကြောင်း သိရသည်။


ကျော်မျိုးနိုင်(တောင်သာ)

No comments

Powered by Blogger.