နိုင်ဂျီးရီးယားနိုင်ငံ၌ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ခြောက်ဦးသေဆုံး

 



ဇူလိုင် ၁၄


နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ဂျီဂါဝါပြည်နယ်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်သဖြင့် လူခြောက်ဦးသေဆုံးပြီး အခြား ၆၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက ယမန်နေ့ကပြောကြားသည်။


အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် ဇူလိုင် ၁၂ ရက်က ထိုပြည်နယ်ရှိ ကာဖင်ဟော့ဆာတက္ကသိုလ် အကြီးအကျယ် ပျက်စီးခဲ့ပြီး နေအိမ်အများအပြား ပျက်စီးသွားကြောင်း ဂျီဂါဝါပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေး အေဂျင်စီ၏ အကြီးအကဲ ယူဆပ်ဆန်နီက ပြောကြားသည်။


ယင်းမုန်တိုင်းကြောင့် ဒဏ်ရာရရှိသူ ၆၅ ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု ဆန်နီက ဆိုသည်။ 


ထိုတာဝန်ရှိသူ၏ ပြောကြားချက်အရ အချို့သောလေဘေးသင့်ပြည်သူများသည် ယင်းဒေသရှိ ၎င်းတို့၏ဆွေမျိုးများထံတွင် ခိုလှုံနေကြပြီး အေဂျင်စီအနေဖြင့် ယာယီအမိုးအကာများ လုပ်ဆောင် ပေးသွားမည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို




No comments

Powered by Blogger.