မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများ ကျင်းပမည်
ရန်ကုန် ဇူလိုင် ၂၇
360 Sports မှ စီစဉ်ကျင်းပသည့် 360 Fight Club 2 မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ရာ မျိုးဆက်သစ် လက်ဝှေ့ကစားသမားများ၏ လေးချီ အထူးတွဲဆိုင်း အပါအဝင် တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် အမျိုးသား ၄၅-၄၈ ကီလိုတန်းတွင် ကျော်ဇောသွေး (အဖြူရောင်သွေးသစ်)နှင့် ချောလှနိုင် SMART Fight Club (ရွှေဒေါပုံ)၊ အမျိုးသား ၅၀-၅၃ ကီလိုတန်းတွင် ဇင်ကိုထက် Fighting Fight Club နှင့် ကဆောထူး (ရိုးရာကျား)၊ ရိူင်းထက်အောင် (ဇွဲမြန်မာ)နှင့် ထက်ဦးလူ (အဖြူရောင် သွေးသစ်)၊ ဂျလ (Python)နှင့် စောကဲဒို(Holy Power)၊ ဝူအဲဒို (ရိုးရာကျား)နှင့် လင်းရာဇာ (ဇာတိမာန်)၊ အမျိုးသား ၅၅-၅၈ ကီလိုတန်းတွင် ဝိုင်းခန့်အောင် (STL) နှင့် မျိုးဇော်ဇော် (ဇာတိမာန်)၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲ အမျိုးသား ၆၀-၆၃ ကီလိုတန်းတွင် ဇင်နိုင်ဝင်း (BBH) နှင့် ထွယ်ရှောင် (Python) ၊ ကျော်ကိုကိုဆွေ (Oscar Lethwei Club)နှင့် ရဲလင်းဦး SMART Fight Club ရွှေဒေါပုံ)၊ အမျိုးသား ၆၅-၆၈ ကီလိုတန်းတွင် စောကဲ (Yangon Fight Club) နှင့် ဇာတိသွေး (Player one Fight Club)၊ အမျိုးသား ၄၈ ကီလိုတန်း လေးချီ အထူးစိန်ခေါ်ပွဲများအဖြစ် ကာဝိ (စက်ရုံ)နှင့် ကျောက်ရိုင်း (ဓမ္မဟေဝန်)၊ ၅၁ ကီလိုတန်း ကျော်ဇော (ရွှေဖူး)နှင့် ကိုကို (စက်ရုံ)၊ အမျိုးသား ၆၀-၆၃ ကီလိုတန်း လေးချီ အထူးပွဲအဖြစ် စောဂျွန် (နဂါးမာန်)နှင့် နိုင်ဝင်းထွန်း (BBH) တို့ ယှဉ်ပြိုင်ထိုးသတ် သွားမည် ဖြစ်သည်။
ရိုးရာလက်ဝှေ့ပြိုင်ပွဲအား 360 Sports Facebook Page နှင့် 360 Sports You Tube Channel၊ Fortune TV တို့မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး

No comments