အင်္ဂပူမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးပြီးစီးမှု ထွန်တုံးပိတ်ပွဲ အခမ်းအနားပြုလုပ်
အင်္ဂပူ ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာ
ကွင်းအမှတ်၇၆၀(မဲဇလီကွင်း) ဦးပိုင်အမှတ် ၁၂၇၊ တောင်သူ ဦးကိုမြင့်၏ လယ်မြေ ၂ ဧကတွင်
ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးမျိုးလှိုင် တက်ရောက် ကြည့်ရှုအားပေးခဲ့ပြီး
မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးသက်နိုင်စိုးမှ ၂၀၂၂ ခုနှစ် မိုးစပါး စိုက်ပျိုးထားရှိမှုအခြေအနေများကို
ရှင်းလင်းတင်ပြခဲ့သည်။
အင်္ဂပူမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးဧက ၁၁၇၅၁၂ စိုက်ပျိုးပြီးစီးခဲ့ကြောင်း
သိရသည်။
မန်းကျော်(ပြန်/ဆက်)

No comments