နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁၀၄၇၀ ထပ်မံတွေ့ရှိ

 



ဇူလိုင် ၁၅


နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁၀၄၇၀ ထပ်မံတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။


အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၁၆ ဦးထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။


ထိုရောဂါထပ်မံကူးစက်ခံရသူများအနက် ၃၃၃ ဦးသည် မကြာသေးမီကပင် ပြည်ပမှပြန်လည် ရောက်ရှိလာသူများ ဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။


နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေဆဲလူနာ ၇၇၃ ဦးရှိသည့်အနက် ၁၄ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။


နိုင်ငံအတွင်း ၂၀၂၀ ခုနှစ်အစောပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ စတင်ဖြစ်ပွားခဲ့ရာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၄၇၄၈၇၅ ဦး ရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.