တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၆၄၀၂ ဦး ထပ်မံတွေ့ရှိ

 



ဇူလိုင် ၂၀


တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၆၄၀၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၁၈၉၃၇၉၇၁ ဦး ရှိလာသည်ဟု ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။


ပြီးခဲ့သည့်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၇၃၅၈၂ ဦးရှိရာမှ ကူးစက်သူအရေအတွက်မြင့်တက်လာခြင်းဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ၏ပြောကြားချက်အရ သိရသည်။


ပြီးခဲ့သည့်သီတင်းပတ်က ကိုဗစ်ရောဂါနေ့စဉ်ပျမ်းမျှကူးစက်ခံရသူဦးရေ ၄၇၉၉၇ ဦးရှိသည်ဟု အတည်ပြုထားသည်။


အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၄၂၉ ဦးသည် ပြည်ပမှပြန်လည်ရောက်လာသူများဖြစ်သည်။


နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၂ ဦး သေဆုံးကြောင်းအတည်ပြုထားပြီး သေဆုံးသူပေါင်း ၂၄၇၇၇ ဦးအထိ ရှိလာသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.