ဂျပန်နိုင်ငံမြောက်ပိုင်းတွင် မြေပြိုမှုဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသအာဏာပိုင်များ သတိပေး
တိုကျို၊ ဇူလိုင် ၁၈
ဂျပန်နိုင်ငံ၌ မြောက်ပိုင်းဒေသများတွင်
အဓိကအားဖြင့် မိုးရွာသွန်းမှုနှင့် ဆက်စပ်သည့် သဘာဝဘေးများ ဖြစ်ပေါ်နိုင်ကြောင်း ဂျပန်နိုင်ငံ
မိုးလေဝသအာဏာပိုင်များက သတိပေးထားသည်။
ပစိဖိတ်သမုဒ္ဒရာ၏ ကမ်းရိုးတန်းဒေသများကို
ဦးတည်ခြင်းနှင့် လေဖိအားနည်း ရပ်ဝန်းတစ်ခုကြောင့် ဒေသတွင်း မိုးတိမ်တောင် များ ဖြစ်ထွန်းနေကြောင်း
မိုးလေ | ဝသအေဂျင်စီက ပြောကြားသည်။
ဟော့ကိုင်းဒိုးကျွန်း၏ ပြည်နယ်မြောက်ပိုင်းရှိ
ကူရှီရိုမြို့၌ ဇူလိုင် ၁၇ ရက် ညနေ ၅ နာရီမှ ၂၄ နာရီအတွင်း မိုးရေချိန် ၁၂၃ မီလီမီတာ
ရွာသွန်းကြောင်း၊ ဇူလိုင်တစ်လလုံးအတွက် မိုးရွာသွန်းမှုနှုန်းထက် ကျော်လွန်ကြောင်း
သိရသည်။ တိုဟိုကူဒေသတွင် ဇူလိုင် ၁၇ ရက် နှောင်းပိုင်းနှင့် ဟော့ကိုင်းဒိုးကျွန်းတွင်
ဇူလိုင် ၁၈ ရက် အစောပိုင်းအထိ လေထုအခြေအနေမှာ တည်ငြိမ်မှုမရှိနိုင်ဟု ခန့်မှန်းထားကြောင်း
သိရသည်။
ဇူလိုင် ၁၈ ရက် နံနက်ပိုင်းအထိ
၂၄ နာရီအတွင်း မိုးရေချိန်မှာ ကူရှူးကျွန်းမြောက်ပိုင်းတွင် ၁၀၀ မီလီမီတာ၊ တိုဟိုကူနှင့်ဟော့ကိုင်း
ဒိုးကျွန်းတို့တွင် ၈၀ မီလီမီတာနှင့် ချူဂိုကူဒေသတွင် ၆၀ မီလီမီတာအထိ မိုးရွာသွန်းမည်ဟု
ခန့်မှန်းထားကြောင်း သိရသည်။ ဇူလိုင် ၁၉ ရက် ညနေအထိ ၂၄ နာရီ အတွင်း နိုင်ငံမြောက်ပိုင်းနှင့်
တောင်ပိုင်း ကူရှူးကျွန်းတွင် မိုးရေချိန်မှာ ၂၀၀ မီလီမီတာမှ ၃၀၀ မီလီမီတာအထိ ရွာသွန်းနိုင်ကြောင်း၊
ချူဂိုကူဒေသတွင် မိုးရေချိန် ၁၀၀ မှ ၁၅၀ အထိ ရွာသွန်းနိုင်ကြောင်း သိရသည်။ မြေနိမ့်ပိုင်းဒေသများတွင်
မြေပြိုမှုနှင့် ရေကြီးမှုများ ဖြစ်ပေါ်နိုင် သည့်အတွက် ပြည်သူများ သတိပြု နေထိုင်ကြရန်
မိုးလေဝသ အာဏာပိုင်များက တိုက်တွန်းထားသည်။
အင်န်အိတ်ကေ
No comments