အောင်လံခရိုင်၌ မြေယာပြုပြင်ခြင်း တောင်သူပညာပေး သရုပ်ပြ



အောင်လံ      ဇူလိုင်       ၁၆


မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၀) စက်မှုလယ်ယာစခန်းမှ Power Harrow (အဆင့်မြင့်ထွန်) ဖြင့် မြေယာပြုပြင်ခြင်း တောင်သူပညာပေး သရုပ်ပြပွဲကို ဇူလိုင် ၁၅ ရက်က ဂုံတောစံပြ ကျေးရွာတွင် ပြုလုပ်ခဲ့ရာ အမှတ်(၁၀) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


သရုပ်ပြရာတွင် အောင်လံခရိုင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁၀) စက်မှုလယ်ယာစခန်း ဦးစီးမှူး ဦးဟိန်းထက်အောင် ဦးဆောင်၍ ဝန်ထမ်းများနှင့် ဝါသီးနှံ Semi – Mechanized နှစ်ဧက သုတေသန စမ်းသပ်စိုက်ပျိုးခြင်းလုပ်ငန်းစဉ်တွင် Power Harrow (အဆင့်မြင့်ထွန်) ဖြင့် မြေယာပြုပြင်ခြင်း တောင်သူပညာပေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

မျိုသိန်း(ပြန်/ဆက်)


No comments

Powered by Blogger.