တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၈၃၈၄ ဦး ထပ်မံတွေ့ရှိ




ဇူလိုင် ၂၈


တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၈၃၈၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၁၉၅၃၅၂၄၂ ဦး အထိမြင့်တက်လာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။


ပြီးခဲ့သည့်နေ့က ရောဂါကူးစက်မှု ၁၀၀၂၈၅ ဦးရှိရာမှ ကူးစက်မှုအရေအတွက် လျော့ကျလာခြင်းဖြစ်သော်လည်း သီတင်းပတ်အစောပိုင်းက ကူးစက်မှု ၇၁၁၄၅ ဦးထက် ကူးစက်မှုပိုမိုများပြားခဲ့သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။


အဆိုပါရောဂါကူးစက်မှုများအနက် ၄၂၅ ဦးသည် ပြည်ပမှပြန်လည်ရောက်ရှိလာသူများဖြစ်သည်။


ပြီးခဲ့သည့်သီတင်းပတ်က ရောဂါကူးစက်မှုနေ့စဉ်ပျမ်းမျှ ၇၅၁၈၈ ဦး ရှိကြောင်း အတည်ပြုထားသည်။


နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၅ ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၂၄၉၅၇ ဦး ရှိလာသည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.