အင်္ဂပူ-ညောင်ကျိုးကားလမ်း‌ပေါ်ရှိ ကညင်တပင်ကျေးရွာ မိုင်တိုင်(၇/၃) အနီးတွင် ရေတားလမ်းပြုလုပ်ခြင်းနှင့် အားဖြည့် သဲအိတ်စီတန်းများ‌ပြုလုပ်

 




အင်္ဂပူ ဇူလိုင် ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်(အင်္ဂပူ-ညောင်ကျိုး) ကားလမ်း ကညင်တပင်‌ကျေးရွာ မိုင်တိုင်အမှတ်(၇/၃)တွင်ရေတား လမ်းနှင့်အားဖြည့်သဲအိတ်များ စီတန်းခြင်းကို ယမန်နေ့ ည‌နေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို ဟင်္သတခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌အောင်ကျော်မိုးနှင့် တာဝန်ရှိများကြီးကြပ်မှုဖြင့် ဆည်မြောင်းတာလုပ်သားများနှင့်ကြို့ပင်‌ ကျေးရွာအုပ်စုမှ ပြည်သူများ စုပေါင်းအင်အားဖြင့် ရေတားလမ်းပြုလုပ်ခြင်းနှင့် အားဖြည့်သဲအိတ်စီတန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အင်္ဂပူ-ညောင်ကျိုးကားလမ်း ကညင်တပင်‌ကျေးရွာ မိုင်တိုင်အမှတ်(၇/၃) သည် ငဝန်မြစ်ကမ်းပါးပြိုကျမှုနှင့်နီးကပ်နေသည့် အတွက် ဆက်သွယ်ရေးမပြတ်တောက်စေရန်နှင့် ရေကြီး ရေလျှံမှုမှကာကွယ်ရန် အလျားပေ  ၆၆၀ ၊ အကျယ်၁၆ပေ၊ အမြင့်၄ပေရှိ ရေတာလမ်းနှင့် အားဖြည့်သဲအိတ်စီတန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

               

မန်းကျော်(ပြန်/ဆက်)

No comments

Powered by Blogger.