ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မိုးစပါးသီးနှံ ၁၅၄၉၁ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်
ပွင့်ဖြူ
ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး၊
ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိုးသီးနှံလျာထားဧက
ပြည့်မီစေရေးအတွက် ဇွန်လနောက်ဆုံးပတ်ကစပြီး စတင်စိုက်ပျိုးခဲ့ရာ
ဇူလိုင် ၂၆ ရက်နေ့အထိ မိုးစပါးသီးနှံ ၁၅၄၉၁ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်
စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂
- ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင်
ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မိုးစပါးသီးနှံဧက ၆၉၀၉၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရပြီး ဒေသခံတောင်သူများအား မိုးစပါးနှင့် အခြားမိုးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက်
မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဇွန်လ(၁၅)ရက်နေ့က စတင်၍ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့်
မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေစိုက်ခင်းများအရောက်
စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ မြို့နယ်ဆည်မြောင်းနှင့်
ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မိုးစပါးနှင့် အခြားမိုးသီးနှံစိုက်ပျိုးရန်အတွက်
စနစ်တကျ စိုက်ပျိုးရေဖြန့်ဝေပေးသဖြင့် ဒေသခံတောင်သူများက ဒေသတွင်း ဆန်စပါးစားနပ်ရိက္ခာဖူလုံစေရေးအတွက်
သတ်မှတ်မိုးစပါးလျာထားဧက ပြည့်မီစေရန် မိမိတို့၏ လယ်ယာမြေများကို ထယ်ရေးညက်အောင် ထွန်ယက်ကာ
မိုးစပါး သီးနှံများကို ကြိုးပမ်းစိုက်ပျိုးလျက်ရှိပြီး ဇူလိုင်(၂၆)ရက်နေ့အထိ မဲဇလီရေလွှဲဆည်ရေဖြင့်
၁၃၃၅၄ ဧက ၊ မင်းဘူး(စကု) မြို့နယ် အိုင်းမဆည်ရေဖြင့် ၁၁၆၉ ဧက၊ လျှပ်စစ်ရေတင်စနစ်ဖြင့်
၁၂၆ ဧက ၊ ဆည်/ကန်ငယ်စနစ်ဖြင့် ၁၅ ဧက ၊ ရေစုပ်စက်စနစ်ဖြင့် ၆၉၁ ဧက ၊ မိုးကောင်းသောက်စနစ်ဖြင့်
၁၃၆ ဧက ၊ စုစုပေါင်း မိုးစပါးသီးနှံဧက ၁၅၄၉၁ ဧက စိုက်ပျိုး ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း
သိရသည်။
မြို့နယ်အတွင်းရှိ
ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ စိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်းအလိုက်
သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေအလိုက်
ကွင်းတာဝန်ခံဝန်ထမ်းများက အနီးကပ်ကြီးကြပ် ကာ လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့်
သွင်းအားပစ္စည်း အချိုးကျသုံးစွဲနည်းစနစ်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရပြီး ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် စပါးသီးနှံများမှာ ဧရာမင်း ၊ ရတနာတိုး
၊ မနောသုခ ၊ ပေါ်ဆန်းရင် ၊ ဆင်းသိင်္ဂီ စပါးမျိုးများကို စိုက်ပျိုးကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး
ဦးစီးဌာန တာဝန်ခံမြို့နယ် ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

No comments