မြို့တော်တိုကျို၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၁၅၉၃ ဦး ထပ်မံတွေ့ရှိ

 



ဇူလိုင် ၂၇


မြို့တော်တိုကျိုအစိုးရက တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁၅၉၃ ဦး ရှိကြောင်း ပြောကြားသည်။


အဆိုပါကူးစက်မှုအရေအတွက် ၃၀၀၀၀ ကျော်ရှိခြင်းသည် သုံးရက်တာကာလအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။


သီတင်းပတ်အစောပိုင်းက ကိုဗစ်ရောဂါကူးစက်မှု ၂၀၀၀၀ ကျော်ထက် ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်ဟု သိရသည်။


 ယခင်သီတင်းပတ်က ထိုရောဂါကူးစက်မှုသည် ၇၈ ဒသမ ၈ ရာခိုင်နှုန်းအထက် ရှိခဲ့သည်။


မြို့တော်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ငါးဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။


အသက်ရှုအထောက်အကူပြုကိရိယာတပ်ဆင်ထားသည့် စိုးရိမ်ရလူနာ ၂၁ ဦးရှိသည်ဟု ၎င်းတို့ကဆိုသည်။


ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.