ပွင့်ဖြူမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ - ၆၆/၆) အချက်အလက်များ Data Base ရေးသွင်းခြင်းလုပ်ငန်း ‌ဆောင်ရွက်လျက်ရှိ

 



ပွင့်ဖြူ ဇူလိုင် ၂၉


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်‌စေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း(ပုံစံ - ၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် Software Program နည်းပညာ အသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်းကို ဇူလိုင် ၁၈ ရက်ကစတင်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၈ ရက်အထိ အိမ်ထောင်စုပေါင်း ၂၈၄၁ စု ဖြည့်သွင်းဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ - ၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် Software Program နည်းပညာအသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က သတ်မှတ်ကာလအတွင်း ဖြည့်သွင်းပြီးစီးရေး နေ့စဉ် ရေးသွင်းဆောင်ရွက်လျက်ရှိကြောင်း သိရကာ  ဇူလိုင် ၁၈ ရက်မှ ဇူလိုင် ၂၆ ရက်အထိ အိမ်ထောင်စုပေါင်း ၂၈၄၁ စုအား လူဦးရေ ကျား/မ စုစုပေါင်း ၁၂၄၀၅ ဦး ဖြည့်သွင်းဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။  


ပွင့်ဖြူမြို့နယ်တွင် Software Program နည်းပညာအသုံးပြုပြီး အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ - ၆၆/၆)များ တိုက်ဆိုင်စိစစ်၍ Data Base စာရင်းရေးသွင်းခြင်းလုပ်ငန်းကို တစ်မြို့နယ်လုံး စာရင်းဖြည့်သွင်းရမည့် အိမ်ထောင်စုပေါင်း ၃၆၉၀၀ စု ရှိကြောင်း သိရသည်။


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)



No comments

Powered by Blogger.