မိုင်းဆတ်မြို့၌ e-Library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့် 

 



မိုင်းဆတ် ဩဂုတ် ၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ e-Library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် (၉)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

           

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ပြည်သူ့စာကြည့်တိုက်များ အခန်းကဏ္ဍ မြှင့်တင်နိုင်ရေးနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍမြှင့်မား ရေးအတွက် သမားရိုးကျ စာကြည့်တိုက်လုပ်ငန်းစနစ်မှ Digital Library စနစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက် နိုင်ရေး e-Library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ပို့ချ ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

           

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေးက မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းခုတ်မြို့၊ ပုံပါကျင်မြို့နှင့် မုံးထမြို့ရုံးများမှ စာကြည့်တိုက်လုပ်ငန်းများ တာဝန်ယူဆောင်ရွက်မည့်သူများအား စာအုပ်စာစောင်များ မှတ်ပုံတင်ခြင်း၊ ကတ်တလောက်ရေးသွင်းခြင်း၊ စာအုပ်စာစောင် ငှားရမ်းခြင်းလုပ်ငန်းများကို e-Library Management System Software ဖြင့် ဩဂုတ်လ(၁)ရက်နေ့မှ (၃)ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။  


မြင့်မောင်(ပြန်/ဆက်)

No comments

Powered by Blogger.