ရှင်ဗွေယန်မြို့၌ ကချင်ပြည်နယ် အခမဲ့ဆေးကုသရေး Foundation မှ လာရောက်​ဆေးကုသ

 






ရှင်ဗွေယန်       ဇူလှိုင်       ၂၇


မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တိုက်နယ်ဆေးရုံ၌ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ကချင်ပြည်နယ် အခမဲ့ဆေးကုသရေး Foundation မှ လာရောက်​ ဆေးကုသပေးလျက်ရှိ​သည်။


ယခုလို မိုးရာသီတွင် ဖြစ်ပေါ်လျက်ရှိသော တုပ်​ကွေး၊ ငှက်ဖျားနှင့် အခြားသော​ ရောဂါ တစ်မျိုးမျိုး ကြောင့် ဖျားနာလာပါက ရှင်ဗွေယန်မြို့ တိုက်နယ်ဆေးရုံသို့ လာရောက်၍ ​အခမဲ့ ဆေးကုသမှု ခံယူနိုင်ကြောင်း သူနာပြုဆရာမ ဒေါ်အိအိဝင်းက ပြောပြသည်။ အဆိုပါ အခမဲ့ဆေးကုသရေးတွင် ​ရှင်ဗွေယန်မြို့တိုက်နယ်ဆေးရုံမှ ကျန်းမာ​ရေးဝန်ထမ်းများနှင့် ကချင်ပြည်နယ် အခမဲ့ဆေးကုသရေး Foundation မှ ဆေးဝါးကုသပေးလျက်ရှိပြီး မြို့အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလွင်ဦးနှင့် တာဝန်ရှိသူများက ပါဝင်ကူညီပေးလျက်ရှိကြောင်း သိရသည်။


ရှင်ဗွေယန်(ပြန်/ဆက်)

No comments

Powered by Blogger.