ဇလွန်မြို့နယ်တွင် စက်လှေမော်တော်များနှင့် ခရီးသွားများအား Life Jacket ဝတ်ဆင်အသုံးပြုရေး အသိပညာပေး

 





ဇလွန်      ဇူလိုင်      ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်ချိန် ဖြစ်သဖြင့်  စက်လှေမော်တော်များနှင့်  ခရီးသွားပြည်သူများအား   Life Jacket ဝတ်ဆင်အသုံးပြု သွားလာရေး  အသိပညာပေးခြင်းကို ကမ်းနားရပ်ကွက်၊ စက်‌လှေဆိပ်ကမ်းတွင် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါအသိပညာပေးခြင်းကို ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ရပ်‌ကျေးအုပ်ချုပ်ရေးမှူးများက စက်လှေမော်တော် မောင်းနှင်သူများအား အသက်ကယ်အင်္ကျီ Life Jacket၊ ဘောကွင်းနှင့် အခြားအသက်ကယ်ပစ္စည်းများ အသုံးပြုသွားလာရန်၊ ခရီးသွားလာ​နေသော ပြည်သူများအား Life Jacket ဝတ်ဆင်အသုံးပြု သွားလာရေး အသိပညာပေး ပြောကြားခဲ့ပြီး Life Jacket ဝတ်ဆင်နည်းများကို လက်တွေ့ပြသခဲ့ကြောင်း သိရသည်။


ဝေယံ(ပြန်/ဆက်)

No comments

Powered by Blogger.