မန္တလေးဆေးတက္ကသိုလ်၌ အလုပ်သင်ဆရာဝန်(၇/၂၀၂၂) Orientation Course for Horse Officers သင်တန်းဖွင့်ပွဲနှင့် အလုပ်သင်ဆရာဝန်ကြိုဆို

 




မန္တလေး        ဇူလိုင်         ၁၅


အလုပ်သင်ဆရာဝန်(၇/၂၀၂၂) Orientation Course for Horse Officers သင်တန်းဖွင့်ပွဲနှင့် အလုပ်သင်ဆရာဝန် ကြိုဆိုပွဲကို ဇူလိုင် ၁၃ ရက်က မန္တလေးမြို့၊ လမ်း ၃၀ ရှိ ဆေးတက္ကသိုလ်(မန္တလေး) တွင် ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ဆေးတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာမျိုးသက်တင်က အမှာစကား ပြောကြားပြီး ခွဲစိတ်ကုပညာဌာန ပါမေက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာအောင်မိုး၊ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာသင်းသင်းမြတ်၊ ဆေးပညာဌာန ပါမောက္ခ ဒေါက်တာနီနီအောင်၊ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာလှမိုးတို့က ဂုဏ်ပြုစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပြီး အလုပ်သင်ဆရာဝန်များ လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်များ၊ ကြိုတင်သိထားသင့်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


မြင့်မော်ထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.