မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၂၁၃ ဦး ထပ်မံတွေ့ရှိ

 



ဩဂုတ် ၂


မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂၁၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၄၆၈၃၂၆၆  ဦး အထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။


 အဆိုပါရောဂါကူးစက်ခံရမှုတွင် ၃၂၀၂ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၁၁ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။


ထိုရောဂါကူးစက်ခံရမှုကြောင့် လူရှစ်ဦးသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၉၇၇ ဦး ရှိလာသည်။


ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၆၀၂၆၂၅ ဦး ရှိသည်ဟု ထိုဝန်ကြီးဌာနက ပြောကြားသည်။


နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၄၄၆၆၄ ဦးရှိသည့်အနက် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၅၄ ဦး ရှိသည်။


နိုင်ငံအတွင်း ကိုဗစ်ရောဂါကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၈၆ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူ ၈၄ ဒသမ ၁ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအပိုဆောင်းတစ်ကြိမ်ထိုးနှံပြီးသူ ၄၉ ဒသမ ၆ ရာခိုင်နှုန်းနှင့် ကာကွယ်ဆေးအပိုဆောင်းနှစ်ကြိမ်ထိုးနှံပြီးသူ ၁ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.