နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၆၄၄၀ ထပ်မံတွေ့ရှိ
ဩဂုတ် ၃
နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၄၄၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၈ ဦး ထပ်မံသေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
နိုင်ငံအတွင်း ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်မှစတင်ကာ ယနေ့အထိ ကိုဗစ်ရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၁၅၈၉ ဦးရှိသည်ဟု အတည်ပြုထုတ်ပြန်ကြေညာထားသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၇၀ ဦးသည် မကြာသေးမီကပင် နိုင်ငံရပ်ခြားမှပြန်ရောက် လာသူများ ဖြစ်ကြောင်း ထပ်လောင်းဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေသူ ၇၀၄ ဦး ရှိပြီး ၎င်းတို့အနက် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၁၁ ဦး ရှိသည်ဟု သိရသည်၊
၂၀၂၀ ခုနှစ် အစောပိုင်းမှစတင်ကာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၂၂၆၅၇ ဦး ရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments