ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာန၌ အရိပ်ရတမာပျိုးပင် ၂၀၀၀၀ ပျိုးထောင်ထားရှိ



ပွင့်ဖြူ           ဩဂုတ်         ၂၀


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၃ ခုနှစ် မိုးရာသီအတွက် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်အတွက် မြို့မ ပျိုးဥယျာဉ်ခြံတွင် အရိပ်ရပျိုးပင်များ ကြိုတင်၍ ပျိုးထောင်စိုက်ပျိုးထားရှိကြောင်း သိရသည်။


ယခုနှစ် မိုးရာသီတွင်လည်း  မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် လူထုဖြန့် အနေဖြင့် ကျွန်း၊ ယူကလစ်၊ ဝါး၊ ခရေ၊ တမာ၊ မယ်ဇလီ၊ သစ်စိမ့်၊ စိန်ပန်း၊ မြန်မာကုက္ကို စသည့် အရိပ်ရ ပျိုးပင်ပေါင်း ၄၀၀၀၀၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း ၇၂၇ ဧက၊ ယူကလစ်၊ ကျွန်း၊ လျှော်ဖြူ စသည့် အရိပ်ရပျိုးပင် ၁၀၉၀၅၀၊ ရေဝေရေလဲ စိုက်ခင်းဧက ၃၀ စိုက်ပျိုးရန်အတွက် ဇီး၊ ဇီးဖြူ၊ သစ်စိမ့် စသည့် အရိပ်ရပျိုးပင် ၇၂၀၀ စုစုပေါင်း အရိပ်ရပျိုးပင် ၁၅၆၂၅၀ အား စိုက်ပျိုးပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မော်ထံမှ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)


No comments

Powered by Blogger.