နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၅၄၀ ဦး ထပ်မံတွေ့ရှိ

 



ဩဂုတ် ၁၈


နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၅၄၀ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။


အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၁၆ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၈၀၇ ဦး ရှိလာသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။


၂၀၂၀ ခုနှစ်အစောပိုင်းက စတင်ကာ ကိုဗစ်ရောဂါများဖြစ်ပွားခဲ့ရာ ယနေ့အထိ ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၁၆၉၀၅၅၃ ဦးအထိ ရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။


နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေသူ ၄၇၃ ဦးရှိိသည့်အနက် ၁၀ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.