နယူးဇီလန်နိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ သုံးဦးမြောက်တွေ့ရှိ

 



ဩဂုတ် ၂


နယူးဇီလန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း မျောက်ကျောရောဂါကူးစက်ခံရသူ သုံးဦးမြောက်အား တွေ့ရှိခဲ့ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။


အဆိုပါရောဂါကူးစက်ခံရသူသည် မကြာသေးမီကပင် နိုင်ငံရပ်ခြားမှပြန်လာခဲ့သူဖြစ်ပြီး ယခုလတ်တလောတွင် သီးခြားခွဲနေထိုင်လျက်ရှိသည်။


ထိုမျောက်ကျောက်ရောဂါကူးစက်ခံရသူမှ လူအုပ်စုကို ကူးစက်သည့်အထောက်အထားမရှိသေးကြောင်း ထိုကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။


လွန်ခဲ့သောလက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကူးစက်မှုနှင့်ပတ်သက်ပြီး အရေးပေါ်အခြေအနေတစ်ရပ်ကို တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။


ဉရောပနှင့် အမေရိကတို့တွင် မျောက်ကျောက်ရောဂါကူးစက်မှုအများဆုံးဖြစ်ပွားခဲ့ပြီး ထိုရောဂါကူးစက်ခံရသူများ၏ ၉၅ ရာခိုင်နှုန်းခန့်တွေ့ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အချက်အလက်ဖော်ပြထားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.