အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၆၀၈ ဦးထပ်မံတွေ့ရှိ




ဩဂုတ် ၁၈


အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၆၀၈ ဦးရှိပြီး ရောဂါကူးစက်ခံရသူပေါင်း ၄၄၂၉၈၈၆၄ ဦးရှိလာသဖြင့် ရောဂါ  ကူးစက်မှုမြင့်တက်လာကြောင်း တာဝန်ရှိသူများက ပြောကြားသည်။


ပြီးခဲ့သည့်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၉၀၆၂ ဦးရှိရာ  ကူးစက်မှုမြင့်တက်လာခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့မနက်ထုတ်ပြန်ချက်အရ သိရသည်။


နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၁၀၁၃၄၃ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။


ထိုရောဂါကူးစက်ခံရမှုကြောင့် ၇၂ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၂၇၂၀၆ ဦး ရှိသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။


နိုင်ငံအတွင်း ကိုဗစ်ရောဂါနေ့စဉ်ကူးစက်မှုနှုန်း ၃ ဒသမ ၄၈ ရာခိုင်နှုန်းရှိပြီး အပတ်စဉ်ကူးစက်မှုနှုန်း ၄ ဒသမ ၂၀ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။


ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း  ၄၃၆၇၀၃၁၅ အထိ ရှိလာသည်။


ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ နိုင်ငံအတွင်း ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပြီးသူပေါင်း နှစ်ဘီလီယံကျော်ရှိသည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.