နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု ကြီးကြပ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၂) ကျင်းပ
နေပြည်တော် ဩဂုတ် ၄
နေပြည်တော်ကောင်စီနယ်မြေ
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု
ကြီးကြပ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၂) ကို
ဩဂုတ် ၃ ရက် ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက နေပြည်တော်ကောင်စီနယ်မြေကို စိမ်းလန်းသန့်ရှင်း
သာယာသော ဒေသတစ်ခုအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍတစ်ခုလုံး တိုးတက်ဖွံ့ဖြိုးရန် လိုအပ်သည့်အပြင်
စိုက်ပျိုးမွေးမြူရေး ထွက်ကုန်အခြေခံသည့် စက်မှုလုပ်ငန်းများ ထွန်းကားရေး ဘက်စုံထောင့်စုံမှ
ကြိုးပမ်းလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီအနေဖြင့် ကဏ္ဍတစ်ခုနှင့်တစ်ခု
အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ရေးနှင့် လုပ်ငန်းတစ်ခုချင်း ထိရောက်အောင်မြင်စွာ
အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊
ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် နေပြည်တော်ကောင်စီနယ်မြေ
လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေကို
လယ်ယာကဏ္ဍ အခြေခံဖွံ့ဖြိုးတိုးတက်မှု အားကောင်းသော စီးပွားရေးနယ်မြေအဖြစ် အကောင်အထည်ဖော်နိုင်ရေး၊
စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထုတ်လုပ်နိုင်စွမ်းအား တိုးတက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော
စံပြကျေးရွာများ ထူထောင်ရေး၊ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ရင်းနှီးမြုပ်နှံမှု
အားကောင်းလာစေရေး၊ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းပြည်ပ ဈေးကွက်ချိတ်ဆက်ရေးဆိုင်ရာ
ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments