အီဂျစ်နိုင်ငံတောင်ပိုင်း၌ ယာဉ်မတော်တဆမှုဖြစ်ပွားသဖြင့် ၁၇ ဦး သေဆုံး

 



ဩဂုတ် ၃


အီဂျစ်နိုင်ငံတောင်ပိုင်း ဆိုဟတ်ပြည်နယ်ရှိ လမ်းမပေါ်တွင် ယမန်နေ့နှောင်းပိုင်းက ဘတ်စ်ကားတစ်စီးနှင့် ထရပ်ကားတစ်စီးတို့ မတော်တဆ ဖြစ်ပွားခဲ့သဖြင့် ၁၇ ဦး သေဆုံးခဲ့ပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။


 အဆိုပါမတော်တဆမှုဖြစ်ပွားရာနေရာသို့ လူနာတင်ကား ၁၅ စီး ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများကို ဆိုဟတ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဆိုဟတ်အုပ်ချုပ်ရေးမှူး တာရတ်အယ်ဖင်းက သတင်းထောက်များကို ပြောကြားသည်။


ကနဦးစုံစမ်းစစ်ဆေးမှုအရ အရှိန်ပြင်းပြင်းမောင်းနှင်လာသောဘတ်စ်ကားသည် မျက်နှာချင်းဆိုင်လမ်းမှလာသော ထရပ်ကားနှင့်မတိုက်မိစေရန် ကြိုးစားရာမှမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းကထပ်လောင်းပြောသည်။


အီဂျစ်နိုင်ငံတွင် လမ်းထိန်းသိမ်းမှုညံ့ဖျင်းခြင်းနှင့် ယာဉ်စည်းကမ်းလိုက်နာမှုများလျော့ရဲရဲဖြစ်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများသည် အများအားဖြင့် ဖြစ်ပွားလေ့ရှိသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.